𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗥𝗲𝗰𝗼𝘃𝗲𝗿𝘆 ဆိုတာ ဘာလဲ? READ : English Version
Author - Dr. Ye Linn.
မည်သည့် လုပ်ငန်းမဆို 𝗦𝗲𝗿𝘃𝗶𝗰𝗲 ကို အကောင်းမွန်ဆုံး လုပ်ရပါလိမ့်သည်။ တစ်ခါတစ်ရံ ကိုယ်က အကောင်းမွန်ဆုံး လုပ်ပေးသော်လည်း ဝန်ဆောင်မှု ချို့ယွင်းမှုများလည်း ရှိတတ်စမြဲပါ။ ဒါကြောင့်မို့ ချို့ယွင်းသွားသော ဝန်ဆောင်မှုကို ဒီအတိုင်း မသိ ကျိုးကျွန်ပြုခဲ့လျှင် ဖောက်သည်များ၏ အနုတ်သဘောဆောင်သော ရလဒ်များသာ ရလာပါလိမ့်မည်။
ဝန်ဆောင်မှုချို့ယွင်းမှုတစ်ခုဖြစ်ပြီးနောက် ဖောက်သည်များ၏ ယုံကြည်မှုနှင့် စိတ်ကျေနပ်မှုကို ပြန်လည်ရရှိရန် ဆောင်ရွက်ရမည်သာ ဖြစ်ပါတော့သည်။ ထိရောက်သော 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗥𝗲𝗰𝗼𝘃𝗲𝗿𝘆 သည်အနုတ်လက္ခဏာဆောင်သောအတွေ့အကြုံတစ်ခုကို ကောင်းမွန်သော အတွေ့အကြုံအဖြစ် ဖောက်သည်နှင့် ကုမ္ပဏီကြား ပိုမိုခိုင်မာသော ဆက်ဆံရေးအဖြစ် ပြောင်းလဲပေးနိုင်ပါသည်။
𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗥𝗲𝗰𝗼𝘃𝗲𝗿𝘆 ၏ အရေးပါမှု
ဖောက်သည်ထိန်းသိမ်းနိုင်မှု - ဖောက်သည်များ၏ ပြဿနာများကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ပါက 70% သော ဖောက်သည်များ ဆက်လက်ရှိနေတတ်ပါသည်။
Negative Word-of-Mouth လျှော့ချနိုင်ခြင်း - မကျေနပ်သော ဖောက်သည်တစ်ဦးသည် အနှုတ်သဘောဆောင်သော ပြောဆိုမှုကို သူ၏ပတ်ဝန်ကျင်တွင် ၉-၁၅ ယောက်အထိ ဖြန့်ဝေတတ်ပါသည်။
Brand Image ကာကွယ်ခြင်း - ဖောက်သည်များ၏ ပြဿနာများကို ကောင်းမွန်စွာ ကိုင်တွယ်ခြင်းသည် ကုမ္ပဏီ၏ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်ပါသည်။
Competitive Advantage ရရှိခြင်း - ဝန်ဆောင်မှုပြန်လည်ကုစားနိုင်မှုသည် ယှဉ်ပြိုင်ဘက်များထက် သာလွန်သော အချက်ဖြစ်လာနိုင်ပါသည်။
Continuous Improvement - ဝန်ဆောင်မှုချို့ယွင်းမှုများမှတစ်ဆင့် သင်ခန်းစာယူကာ ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်နိုင်ခြင်း။
ဆက်လက်ဖော်ပြပါဦးမည်။